Flavour profile (အနံ့၊ အရသာ)
အစားအစာတွင်သုံးသော လာဗင်ဒါသည် များသောအားဖြင့် အင်္ဂလိပ်လာဗင်ဒါ (L. angustifolia ‘Munstead’) များ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အင်္ဂလိပ်လာဗင်ဒါ၏ ရနံ့သည် သံပရာနံ့၊ ရှောက်သီးနံ့တို့နှင့် ဆင်တူသဖြင့် ပက်စတာခေါက်ဆွဲ၊ အသုပ်နှင့် စားမြိန်စာအချိုပွဲတို့တွင် လိုက်ဖက်ညီစွာ သုံးနိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့၏အဖူးများနှင့် အရွက်များကို လက်ဖက်ရည်တွင် ခတ်လေ့ရှိသည်။ ပျားကောင်များသည် လာဗင်ဒါအဖူးမှ ဝတ်ရည်ဖြင့် monolfloral honey (ဝတ်ရည်တစ်မျိုးတည်းပျားရည်) ထုတ်လုပ်ကြသည်။ ၎င်းပျားရည်တွင် လာဗင်ဒါအဖူးမှ ဝတ်ရည်သည် အဓိကပါဝင်ပစ္စည်း ဖြစ်သည်။
Note: လိုအပ်သည်ထက် ပိုမသုံးရပါ။
Usage in Culinary (အဖူးအသုံးပြုခြင်း)
အခြောက်ခံထားသော လာဗင်ဒါ ပန်းခြောက်များကို ဟင်းပွဲများချက်ရာတွင် သုံးကြသည်။ အစိမ်းရောင် လာဗင်ဒါ၏ အရသာသည် Rosemary ပန်း အရသာထက် ထူးကဲသာလွန်သည်။ လာဗင်ဒါပန်းများသည် ခြောက်သွေ့သွားသောအခါ အာဟာရတန်ဖိုး တိုးလာသည်နှင့်အမျှ အနံ့လည်း ပိုပြင်းလာတတ်သောကြောင့် စားဖိုးမှူးများအနေဖြင့် ဟင်းပွဲများတွင် လိုအပ်လျှင် အခြောက်ခံသောပမာဏကို သုံးပုံနှစ်ပုံအထိ လျှော့ချအခြောက်ခံရသည်။
လာဗင်ဒါအဖူးများကို ဟင်းခတ်အမွှေးအကြိုင်နှင့် အရသာဟင်းခတ် နှစ်မျိုးစလုံးတွင် ပေါပေါများများ ထည့်သွင်း အသုံးပြုကြသည်။ တစ်ခါတစ်ရံ ဆိတ်နို့နှင့် သိုးနို့တို့ဖြင့် ပြုလုပ်သော ဒိန်ခဲ (Cheese) များတွင် ထည့်သွင်းသည်။ ပန်းရောင်လာဗင်ဒါများကို အနက်ရောင်၊ အစိမ်းရောင် လာဗင်ဒါများနှင့် ပေါင်းစပ်၍လည်းကောင်း၊ မဆလာများနှင့် ပေါင်းစပ်၍လည်းကောင်း ရံဖန်ရံခါ အသုံးပြုသည်။
Lavender အရသာသည် ချောကလက်နှင့် အလွန်လိုက်ဖက်သဖြင့် မုန့်များဖုတ်ရာတွင်လည်းကောင်း၊ စားမြိန်စာပွဲများတွင်လည်းကောင်း သုံးသည်။ လာဗင်ဒါအရည်နှင့် အဖူးခြောက် နှစ်မျိုးစလုံးကို Scones နှင့် Marshmallows ပြုလုပ်ရာတွင် သုံးသည်။


လာဗင်ဒါအဖူးများကို သကြားနှင့် ရောထားလျှင် အချိန် နှစ်ပတ်ကြာသောအခါ လိုအပ်သော မွှေးရနံ့ကို ရရှိမည်။ လာဗင်ဒါသကြားကို ကိတ်မုန့်နှင့် ပေါင်မုန့်များ ဖုတ်ရာတွင် သုံးကြသည်။ Lavender ကို ဟင်းပွဲများ၊ cocktails များ၌ အလှဆင်ခြင်း၊ ရှမ်ပိန်တစ်ခွက်တွင် အလှဆင်ခြင်း၌လည်းကောင်း ပူတင်းမုန့်များ၊ custard မုန့်များနှင့် sorbet ရေခဲမုန့်များ ပြုလုပ်ခြင်း၌လည်းကောင်း မွှေးရနံ့ သင်းပျံ့စေရန် သုံးသည်။
စိုင်းဥက္ကာ
Zawgyi
လာဗင္ဒါ (Lavender)
Flavour profile (အနံ့၊ အရသာ)
အစားအစာတြင္သုံးေသာ လာဗင္ဒါသည္ မ်ားေသာအားျဖင့္ အဂၤလိပ္လာဗင္ဒါ (L. angustifolia ‘Munstead’) မ်ား ျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ အဂၤလိပ္လာဗင္ဒါ၏ ရနံ႕သည္ သံပရာနံ႕၊ ေရွာက္သီးနံ႕တို႔ႏွင့္ ဆင္တူသျဖင့္ ပက္စတာေခါက္ဆြဲ၊ အသုပ္ႏွင့္ စားၿမိန္စာအခ်ိဳပြဲတို႔တြင္ လိုက္ဖက္ညီစြာ သုံးနိုင္ျခင္းေၾကာင့္ ျဖစ္သည္။ ၎တို႔၏အဖူးမ်ားႏွင့္ အ႐ြက္မ်ားကို လက္ဖက္ရည္တြင္ ခတ္ေလ့ရွိသည္။ ပ်ားေကာင္မ်ားသည္ လာဗင္ဒါအဖူးမွ ဝတ္ရည္ျဖင့္ monolfloral honey (ဝတ္ရည္တစ္မ်ိဳးတည္းပ်ားရည္) ထုတ္လုပ္ၾကသည္။ ၎ပ်ားရည္တြင္ လာဗင္ဒါအဖူးမွ ဝတ္ရည္သည္ အဓိကပါဝင္ပစၥည္း ျဖစ္သည္။
Note: လိုအပ္သည္ထက္ပိုမသံုးရပါ။
Usage in Culinary (အဖူးအသံုးျပဳျခင္း)
အေျခာက္ခံထားေသာ လာဗင္ဒါ ပန္းေျခာက္မ်ားကို ဟင္းပြဲမ်ားခ်က္ရာတြင္ သုံးၾကသည္။ အစိမ္းေရာင္ လာဗင္ဒါ၏ အရသာသည္ Rosemary ပန္း အရသာထက္ ထူးကဲသာလြန္သည္။ လာဗင္ဒါပန္းမ်ားသည္ ေျခာက္ေသြ႕သြားေသာအခါ အာဟာရတန္ဖိုး တိုးလာသည္ႏွင့္အမွ် အနံ႕လည္း ပိုျပင္းလာတတ္ေသာေၾကာင့္ စားဖိုးမႉးမ်ားအေနျဖင့္ ဟင္းပြဲမ်ားတြင္ လိုအပ္လွ်င္ အေျခာက္ခံေသာပမာဏကို သုံးပုံႏွစ္ပုံအထိ ေလွ်ာ့ခ်အေျခာက္ခံရသည္။
လာဗင္ဒါအဖူးမ်ားကို ဟင္းခတ္အေမႊးအႀကိဳင္ႏွင့္ အရသာဟင္းခတ္ ႏွစ္မ်ိဳးစလုံးတြင္ ေပါေပါမ်ားမ်ား ထည့္သြင္း အသုံးျပဳၾကသည္။ တစ္ခါတစ္ရံ ဆိတ္နို႔ႏွင့္ သိုးနို႔တို႔ျဖင့္ ျပဳလုပ္ေသာ ဒိန္ခဲ (Cheese) မ်ားတြင္ ထည့္သြင္းသည္။ ပန္းေရာင္လာဗင္ဒါမ်ားကို အနက္ေရာင္၊ အစိမ္းေရာင္ လာဗင္ဒါမ်ားႏွင့္ ေပါင္းစပ္၍လည္းေကာင္း၊ မဆလာမ်ားႏွင့္ ေပါင္းစပ္၍လည္းေကာင္း ရံဖန္ရံခါ အသုံးျပဳသည္။
Lavender အရသာသည္ ေခ်ာကလက္ႏွင့္ အလြန္လိုက္ဖက္သျဖင့္ မုန႔္မ်ားဖုတ္ရာတြင္လည္းေကာင္း၊ စားၿမိန္စာပြဲမ်ားတြင္လည္းေကာင္း သုံးသည္။ လာဗင္ဒါအရည္ႏွင့္ အဖူးေျခာက္ ႏွစ္မ်ိဳးစလုံးကို Scones ႏွင့္ Marshmallows ျပဳလုပ္ရာတြင္ သုံးသည္။


လာဗင္ဒါအဖူးမ်ားကို သၾကားႏွင့္ ေရာထားလွ်င္ အခ်ိန္ ႏွစ္ပတ္ၾကာေသာအခါ လိုအပ္ေသာ ေမႊးရနံ႕ကို ရရွိမည္။ လာဗင္ဒါသၾကားကို ကိတ္မုန႔္ႏွင့္ ေပါင္မုန႔္မ်ား ဖုတ္ရာတြင္ သုံးၾကသည္။ Lavender ကို ဟင္းပြဲမ်ား၊ cocktails မ်ား၌ အလွဆင္ျခင္း၊ ရွမ္ပိန္တစ္ခြက္တြင္ အလွဆင္ျခင္း၌လည္းေကာင္း ပူတင္းမုန႔္မ်ား၊ custard မုန႔္မ်ားႏွင့္ sorbet ေရခဲမုန႔္မ်ား ျပဳလုပ္ျခင္း၌လည္းေကာင္း ေမႊးရနံ႕ သင္းပ်ံ့ေစရန္ သုံးသည္။
စိုင္းဥကၠာ