မာရီဂိုး (Marigold)

>>> Zawgyi

Marigold ရောင်စုံပွင့်ချပ်များကို အသုံးပြုမည်ဆိုလျှင် အစိမ်းရောင်၊ အဖြူရောင် ရှိသော အစိတ်အပိုင်းများကို ဖယ်ထုတ်ထားရမည်။ မာရီဂိုးပွင့်များကို အရွက်သုပ်များ၊ အကြော်အလှော်စာများနှင့် ပြင်သစ်အစားအစာ Quiche လုပ်နည်းများတွင် ထည့်သွင်းအသုံးပြုသည်။ အပျော်တမ်း ရေခဲမုန့်လုပ်နည်းတွင် ၎င်းတို့ကို ရေခဲရိုက်၍သော်လည်းကောင်း ကြိတ်ချေ၍သော်လည်းကောင်း အသုံးပြုနိုင်သည်။ calendula ပန်း အပါအဝင် မာရီဂိုးပန်းများ အားလုံးသည် အစားအစာအဖြစ် အသုံးပြုနိုင်သောပန်းများ ဖြစ်ကြသည်။ သို့သော် မာရီဂိုးပန်းဟူသမျှ အရသာကောင်းမွန်သည် မဟုတ်ပေ။

အကောင်းဆုံး မာရီဂိုးအရသာကို ပေးစွမ်းနိုင်သော Tagetes patula (ပြင်သစ် marigold)၊ Tagetes tenuifolia (Gem marigolds) သို့မဟုတ် Tagetes lucida (မက္ကဆီကန် mint marigold) တို့ကို အစားအစာများတွင် သုံးသည်။ Saffron (ဇာဖရန်) မသုံးချင်လျှင် မာရီဂိုးပန်းခြောက်ဖြင့် အစားထိုးနိုင်သည်။ မာရီဂိုးပန်းသည် ဟင်းပွဲကို ဝါရွှေသောအရောင်အဆင်း ရရှိစေသည်။

စိုင်းဥက္ကာ

Zawgyi

မာရီဂိုး (Marigold)

Marigold ေရာင္စုံပြင့္ခ်ပ္မ်ားကို အသုံးျပဳမည္ဆိုလွ်င္ အစိမ္းေရာင္၊ အျဖဴေရာင္ ရွိေသာ အစိတ္အပိုင္းမ်ားကို ဖယ္ထုတ္ထားရမည္။ မာရီဂိုးပြင့္မ်ားကို အ႐ြက္သုပ္မ်ား၊ အေၾကာ္အေလွာ္စာမ်ားႏွင့္ ျပင္သစ္အစားအစာ Quiche လုပ္နည္းမ်ားတြင္ ထည့္သြင္းအသုံးျပဳသည္။ အေပ်ာ္တမ္း ေရခဲမုန႔္လုပ္နည္းတြင္ ၎တို႔ကို ေရခဲရိုက္၍ေသာ္လည္းေကာင္း ႀကိတ္ေခ်၍ေသာ္လည္းေကာင္း အသုံးျပဳနိုင္သည္။ calendula ပန္း အပါအဝင္ မာရီဂိုးပန္းမ်ား အားလုံးသည္ အစားအစာအျဖစ္ အသုံးျပဳနိုင္ေသာပန္းမ်ား ျဖစ္ၾကသည္။ သို႔ေသာ္ မာရီဂိုးပန္းဟူသမွ် အရသာေကာင္းမြန္သည္ မဟုတ္ေပ။

အေကာင္းဆုံး မာရီဂိုးအရသာကို ေပးစြမ္းနိုင္ေသာ Tagetes patula (ျပင္သစ္ marigold)၊ Tagetes tenuifolia (Gem marigolds) သို႔မဟုတ္ Tagetes lucida (မကၠဆီကန္ mint marigold) တို႔ကို အစားအစာမ်ားတြင္ သုံးသည္။ Saffron (ဇာဖရန္) မသုံးခ်င္လွ်င္ မာရီဂိုးပန္းေျခာက္ျဖင့္ အစားထိုးနိုင္သည္။ မာရီဂိုးပန္းသည္ ဟင္းပြဲကို ဝါေ႐ႊေသာအေရာင္အဆင္း ရရွိေစသည္။

စိုင္းဥကၠာ

Leave a comment