Pansies ပန်းများသည် စားသုံး၍ရသော ပန်းများထဲမှ အသုံးများသော ပန်းတစ်မျိုး ဖြစ်ပါသည်။ အပွင့်များကို စားသုံးနိုင်ခြင်း၊ အရောင်အသွေး လှပစုံလင်ခြင်းတို့ကြောင့် ပန်စီပန်းများသည် ဟင်းပွဲများ၌ ပွဲလယ်တင့်လှသည်။ ၎င်းတို့ကို အသုပ်များတွင် သုံးစွဲနိုင်သည်။ ထို့ပြင် သကြားခဲပြုလုပ်၍ စားမြိန်စာအချိုပွဲတွင် ထည့်သွင်း အသုံးပြုကြသည်။
အစားအစာအဖြစ်အသုံးပြုခြင်း
Pansies ပန်းများသည် အခြား စားသုံး၍ရသော ပန်းများနှင့် မတူသောအချက်မှာ ပန်းပွင့်အပြင် အခြားသော ဝတ်ဆံ၊ မျိုးဥနှင့် ပွင့်ဖတ်များကိုပါ စားသုံးနိုင်ခြင်း ဖြစ်သည်။ ပန်းကိုစားသောအခါ လတ်ဆတ်သော၊ စပ်ရှိန်းသော၊ အနည်းငယ် ထွေပြားသော၊ ဆလတ်ကဲ့သို့သော အရသာရှိသည်။ ၎င်းတို့သည် အရောင်နှင့် အရသာ အလွန်ကြွယ်ဝသောကြောင့် အသုပ်များထဲတွင် ရေပန်းစားသည်။ အမှန်စင်စစ် ၎င်းတို့သည် ဟင်းကောင်းကျွေးကောင်း ချက်ရာတွင် အသုံးဝင်သည်၊ ဟင်းပွဲကို အရောင်စုံစေသည်၊ အောင်မြင်သော ဟင်းတစ်ခွက်အတွက် မှန်ကန်သော ဟင်းခတ်ပန်း ဖြစ်ကြောင်းကို အထင်အရှားပင် တွေ့မြင်နိုင်သည်။

၎င်းတို့သည် အလွန်အစွမ်းထက်သော အချိုပွဲသုံး ပန်းပွင့်များ ဖြစ်ကြသည်။ လတ်ဆတ်သော ကိတ်မုန့်တစ်လုံးတွင် ၎င်းတို့ကို icing ပြုလုပ်နိုင်သည်။ သစ်သီးပန်းကန်တစ်ချပ်တွင် ဖြည့်စွက်နိုင်သည်။
စိုင်းဥက္ကာ
Zawgyi
ပန္စီ (Pansy)
Pansies ပန္းမ်ားသည္ စားသုံး၍ရေသာ ပန္းမ်ားထဲမွ အသုံးမ်ားေသာ ပန္းတစ္မ်ိဳး ျဖစ္ပါသည္။ အပြင့္မ်ားကို စားသုံးနိုင္ျခင္း၊ အေရာင္အေသြး လွပစုံလင္ျခင္းတို႔ေၾကာင့္ ပန္စီပန္းမ်ားသည္ ဟင္းပြဲမ်ား၌ ပြဲလယ္တင့္လွသည္။ ၎တို႔ကို အသုပ္မ်ားတြင္ သုံးစြဲနိုင္သည္။ ထို႔ျပင္ သၾကားခဲျပဳလုပ္၍ စားၿမိန္စာအခ်ိဳပြဲတြင္ ထည့္သြင္း အသုံးျပဳၾကသည္။
အစားအစာအျဖစ္အသုံးျပဳျခင္း
Pansies ပန္းမ်ားသည္ အျခား စားသုံး၍ရေသာ ပန္းမ်ားႏွင့္ မတူေသာအခ်က္မွာ ပန္းပြင့္အျပင္ အျခားေသာ ဝတ္ဆံ၊ မ်ိဳးဥႏွင့္ ပြင့္ဖတ္မ်ားကိုပါ စားသုံးနိုင္ျခင္း ျဖစ္သည္။ ပန္းကိုစားေသာအခါ လတ္ဆတ္ေသာ၊ စပ္ရွိန္းေသာ၊ အနည္းငယ္ ေထြျပားေသာ၊ ဆလတ္ကဲ့သို႔ေသာ အရသာရွိသည္။ ၎တို႔သည္ အေရာင္ႏွင့္ အရသာ အလြန္ႂကြယ္ဝေသာေၾကာင့္ အသုပ္မ်ားထဲတြင္ ေရပန္းစားသည္။ အမွန္စင္စစ္ ၎တို႔သည္ ဟင္းေကာင္းေကြၽးေကာင္း ခ်က္ရာတြင္ အသုံးဝင္သည္၊ ဟင္းပြဲကို အေရာင္စုံေစသည္၊ ေအာင္ျမင္ေသာ ဟင္းတစ္ခြက္အတြက္ မွန္ကန္ေသာ ဟင္းခတ္ပန္း ျဖစ္ေၾကာင္းကို အထင္အရွားပင္ ေတြ႕ျမင္နိုင္သည္။

၎တို႔သည္ အလြန္အစြမ္းထက္ေသာ အခ်ိဳပြဲသုံး ပန္းပြင့္မ်ား ျဖစ္ၾကသည္။ လတ္ဆတ္ေသာ ကိတ္မုန႔္တစ္လုံးတြင္ ၎တို႔ကို icing ျပဳလုပ္နိုင္သည္။ သစ္သီးပန္းကန္တစ္ခ်ပ္တြင္ ျဖည့္စြက္နိုင္သည္။
စိုင္းဥကၠာ