Rose hips (နှင်းဆီအသီး) များအား ယို၊ ဂျယ်လီ၊ marmalade တို့ကို ချိုမြိန်စေရန် သို့မဟုတ် လက်ဖက်ရည်ကို brewed လုပ်ရန် ရံဖန်ရံခါ အသုံးပြုကြပါသည်။ နှင်းဆီအသီးတွင် နှင်းဆီရည်ပြုလုပ်ရန်အတွက် အဓိကကျသော ဗီတာမင်စီ အမြင့်ဆုံးအဆင့် ပါဝင်နေသည်။ နှင်းဆီသီးများကို ဆန်ခါစစ်၍ ကြိတ်ချေခြင်းအားဖြင့် နှင်းဆီရည် ထုတ်လုပ်နိုင်သည်။ အရေပြားလိမ်းဆေးနှင့် မိတ်ကပ်အလှကုန်တို့တွင် အသုံးပြုရန် နှင်းဆီရည်မှတစ်ဆင့် နှင်းဆီအဆီကိုလည်း ထုတ်လုပ်နိုင်သည်။
Gulab jamun (အင်ဒီးယန်းမလိုင်လုံး) ကို နှင်းဆီရည်ဖြင့် ပြုလုပ်ကြသည်။ နှင်းဆီရည်သည် အလွန်ထူးခြားသော အရသာရှိပြီး အရှေ့အလယ်ပိုင်း၊ ပါရှန်းနှင့် တောင်အာရှ ဟင်းလျာများတွင် အသုံးပြုသည်။ အထူးသဖြင့် အချိုပွဲများဖြစ်သော barfi၊ baklava၊ halva၊ gulab jamun၊ kanafeh နှင့် nougat များတွင် အသုံးပြုသည်။ နှင်းဆီပွင့်နှင့် နှင်းဆီဖူးများကို တစ်ခါတစ်ရံ လက်ဖက်ရည်ကြမ်းတွင် အသုံးပြုသည်။ အခြားသော ဆေးဘက်ဝင် အပင်များနှင့် ရောနှော၍ herbal tea အဖြစ်လည်း ပြုလုပ်နိုင်သည်။
ပြင်သစ်တွင် နှင်းဆီရည်ကို များသောအားဖြင့် နှင်းဆီပွင့်ချပ်များမှ ပြုလုပ်လေ့ရှိသည်။ အိန္ဒိယတွင် နှင်းဆီမှပြုလုပ်ထားသည့် Rooh Afza ဟုခေါ်သော နှင်းဆီအဆီကို ရေခဲမုန့်နှင့် ကူလ်ဖီး ကဲ့သို့သော အေးခဲစာများတွင် အသုံးပြုသည်။
နှင်းဆီပွင့်ဖတ်များကို အစားအစာများတွင် အရသာအဖြစ်လည်းကောင်း၊ ရနံ့အဖြစ်လည်းကောင်း ထည့်သွင်းအသုံးပြုသည်။ Candied rose flower (နှင်းဆီပန်းသကြားလုံး) ပြုလုပ်ရာတွင်လည်း ၎င်းတို့ကို အသုံးပြုသည်။

ကျွန်ုပ်၏ နှင်းဆီပန်းအသုံးပြုပုံ
- နှင်းဆီပန်းပွင့်ကို Liquid Nitrogen ထဲတွင် နှစ်၍ စားသုံးသူစားပွဲသို့ ယူသွားပါသည်။ ထို့နောက် လိုက်ဖက်ရာ အချိုပွဲပေါ်တွင် လက်နှစ်ဖက်ဖြင့် ရိုက်၍ ခြွေချလိုက်ပါသည်။
- အချိုပွဲ သို့မဟုတ် အရွက်သုပ်ပေါ်တွင် Spray ဘူးဖြင့် နှင်းဆီရည် အနည်းငယ် ဖြန်းပါသည်။
စိုင်းဥက္ကာ
Zawygi
ႏွင္းဆီ (Rose)
Rose hips (ႏွင္းဆီအသီး) မ်ားအား ယို၊ ဂ်ယ္လီ၊ marmalade တို႔ကို ခ်ိဳၿမိန္ေစရန္ သို႔မဟုတ္ လက္ဖက္ရည္ကို brewed လုပ္ရန္ ရံဖန္ရံခါ အသုံးျပဳၾကပါသည္။ ႏွင္းဆီအသီးတြင္ ႏွင္းဆီရည္ျပဳလုပ္ရန္အတြက္ အဓိကက်ေသာ ဗီတာမင္စီ အျမင့္ဆုံးအဆင့္ ပါဝင္ေနသည္။ ႏွင္းဆီသီးမ်ားကို ဆန္ခါစစ္၍ ႀကိတ္ေခ်ျခင္းအားျဖင့္ ႏွင္းဆီရည္ ထုတ္လုပ္နိုင္သည္။ အေရျပားလိမ္းေဆးႏွင့္ မိတ္ကပ္အလွကုန္တို႔တြင္ အသုံးျပဳရန္ ႏွင္းဆီရည္မွတစ္ဆင့္ ႏွင္းဆီအဆီကိုလည္း ထုတ္လုပ္နိုင္သည္။
Gulab jamun (အင္ဒီးယန္းမလိုင္လုံး) ကို ႏွင္းဆီရည္ျဖင့္ ျပဳလုပ္ၾကသည္။ ႏွင္းဆီရည္သည္ အလြန္ထူးျခားေသာ အရသာရွိၿပီး အေရွ႕အလယ္ပိုင္း၊ ပါရွန္းႏွင့္ ေတာင္အာရွ ဟင္းလ်ာမ်ားတြင္ အသုံးျပဳသည္။ အထူးသျဖင့္ အခ်ိဳပြဲမ်ားျဖစ္ေသာ barfi၊ baklava၊ halva၊ gulab jamun၊ kanafeh ႏွင့္ nougat မ်ားတြင္ အသုံးျပဳသည္။ ႏွင္းဆီပြင့္ႏွင့္ ႏွင္းဆီဖူးမ်ားကို တစ္ခါတစ္ရံ လက္ဖက္ရည္ၾကမ္းတြင္ အသုံးျပဳသည္။ အျခားေသာ ေဆးဘက္ဝင္ အပင္မ်ားႏွင့္ ေရာေႏွာ၍ herbal tea အျဖစ္လည္း ျပဳလုပ္နိုင္သည္။
ျပင္သစ္တြင္ ႏွင္းဆီရည္ကို မ်ားေသာအားျဖင့္ ႏွင္းဆီပြင့္ခ်ပ္မ်ားမွ ျပဳလုပ္ေလ့ရွိသည္။ အိႏၵိယတြင္ ႏွင္းဆီမွျပဳလုပ္ထားသည့္ Rooh Afza ဟုေခၚေသာ ႏွင္းဆီအဆီကို ေရခဲမုန႔္ႏွင့္ ကူလ္ဖီး ကဲ့သို႔ေသာ ေအးခဲစာမ်ားတြင္ အသုံးျပဳသည္။
ႏွင္းဆီပြင့္ဖတ္မ်ားကို အစားအစာမ်ားတြင္ အရသာအျဖစ္လည္းေကာင္း၊ ရနံ႕အျဖစ္လည္းေကာင္း ထည့္သြင္းအသုံးျပဳသည္။ Candied rose flower (ႏွင္းဆီပန္းသၾကားလုံး) ျပဳလုပ္ရာတြင္လည္း ၎တို႔ကို အသုံးျပဳသည္။

ကြၽန္ုပ္၏ ႏွင္းဆီပန္းအသုံးျပဳပုံ
- ႏွင္းဆီပန္းပြင့္ကို Liquid Nitrogen ထဲတြင္ ႏွစ္၍ စားသုံးသူစားပြဲသို႔ ယူသြားပါသည္။ ထို႔ေနာက္ လိုက္ဖက္ရာ အခ်ိဳပြဲေပၚတြင္ လက္ႏွစ္ဖက္ျဖင့္ ရိုက္၍ ေႁခြခ်လိဳက္ပါသည္။
- အခ်ိဳပြဲ သို႔မဟုတ္ အ႐ြက္သုပ္ေပၚတြင္ Spray ဘူးျဖင့္ ႏွင္းဆီရည္ အနည္းငယ္ ျဖန္းပါသည္။
စိုင္းဥကၠာ