ရေခဲချောင်းတီထွင်သူ ၁၁ နှစ်သား

>>> Zawgyi

သစ်သားတုတ်ကလေး ထိုးထားတဲ့ သစ်သီးဖျော်ရည်အရသာမျိုးစုံနဲ့ ရေခဲချောင်းတွေကို ကမ္ဘာအရပ်ရပ်က ကလေးငယ်တိုင်း နှစ်သက်ကြပါတယ်။ ယခုခေတ်မှာ ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ပေါ်ထွက်လာတဲ့ ရေခဲချောင်းတွေရဲ့ မူလအစကတော့ Popsicle ခေါ်တဲ့ ရေခဲချောင်းပါ။ ကလေးတွေ ရေခဲချောင်းကြိုက်တာ အံ့ဩစရာမဟုတ်ပေမယ့် Popsicle ရေခဲချောင်းကို ဆယ့်တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်ကပဲ အမှတ်မထင် တီထွင်ခဲ့တဲ့ ရာဇဝင်ကတော့ ထူးခြားလှပါတယ်။ ပေါ့စစ်ကယ် ရေခဲချောင်းကို ဖရန့် အက်ပါဆန် (Frank Epperson) ဆိုသူက တီထွင်ခဲ့ပါတယ်။

ဖရန့် အက်ပါဆန်
ပေါ့စစ်ကယ် ရေခဲချောင်းကြော်ငြာ

၁၉၀၅ ခုနှစ်ရဲ့ ရေခဲအောင်အေးမြတဲ့ နေ့တစ်နေ့မှာ ဖရန့်အက်ပါဆန် ဆိုတဲ့ ကလေးငယ်လေးဟာ ဖန်ခွက်ကလေးတစ်လုံးနဲ့ အိမ်ပြင်ကို ထွက်လာခဲ့တယ်။ သူ့အကြံကတော့ ဖန်ခွက်ထဲမှာ ဆိုဒါမှုန့်ကို ရေနဲ့ဖျော်ပြီး သောက်မယ်လို့ပါ။ ဖန်ခွက်ထဲက ဆိုဒါအရည်တွေကို တုတ်ကလေးနဲ့ သူ မွှေနေရင်း ရုတ်တရက် အိမ်ထဲ ပြန်ဝင်သွားလိုက်တာ နောက်တစ်နေ့အထိ သူ့ဖျော်ရည်ကို သတိမရတော့ပါဘူး။ တုတ်ချောင်းလေးတန်းလန်းနဲ့ ဖန်ခွက်ထဲက ဆိုဒါရည်တွေက တစ်ညလုံးအအေးဒဏ်ကြောင့် မနက်ရောက်တော့ ခဲနေပြီ။ တုတ်ချောင်းလေးကို သူ ဆွဲထုတ်လိုက်တော့ ဖန်ခွက်ပုံသွင်းထားတဲ့ ဆိုဒါရေခဲချောင်းလေး ဖြစ်နေပါပြီ။

ဖရန့်အက်ပါဆန်လေးက သူ့သူငယ်ချင်းတွေကို သူ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာနဲ့ တုတ်ထိုးရေခဲချောင်းလေးတွေ လုပ်ပြီး လက်ဆောင်ပေးပါတယ်။ သူငယ်ချင်းတွေကလည်း သိပ်ကြိုက်ကြတယ်။ ဒါပေမဲ့ သူက ရေခဲချောင်းလုပ်နည်းကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ ကလေးငယ်လေးပေမဲ့ ဒီရေခဲချောင်းဟာ စီးပွားဖြစ် ရောင်းကုန်တစ်ခု ဖြစ်လာနိုင်တာကို သူ သဘောပေါက်ပုံရပါတယ်။

အဲဒီအချိန်ကနေ ၁၈ နှစ်အကြာ ၁၉၂၃ ခုနှစ်မှာတော့ သူ့အကြံအစည်ကို အကောင်အထည်ဖော်ပြီး ရေခဲချောင်းလုပ်ငန်း ထူထောင်နိုင်ခဲ့တယ်။ အစပိုင်းမှာ သူ့ရေခဲချောင်းတွေကို Epsicle ice pop ဆိုတဲ့အမည် ပေးခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ကလေးတွေ ခေါ်တဲ့ Popsicle ဆိုတဲ့အမည်အတိုင်းပဲ နာမည်ပြောင်းခဲ့တယ်။ ဒါပေမဲ့ သူ့သားစဉ်မြေးဆက်တွေဟာ ကံမကောင်းအကြောင်းမလှဘဲ သူ့လုပ်ငန်းကို ဆက်ခံခွင့် ဆုံးရှုံးခဲ့ရတယ်။ ၁၉၂၉ ခုနှစ် စတော့စျေးကွက်ပျက်ချိန်မှာ အထိနာခဲ့တဲ့ ဖရန့်အက်ပါဆန်ဟာ သူ့လုပ်ငန်းမူပိုင်ခွင့်ကို တစ်ပါးသူထံ ရောင်းချလိုက်ရတယ်။ “ကျုပ် မွဲသွားပြီဗျာ။ ရှိတာတွေ ရောင်းရတော့မှာပေါ့။ ကျုပ်ဟာ အရင်တုန်းက ဖရန့်အက်ပါဆန် မဟုတ်တော့ပါဘူး” လို့ သူ ပြောခဲ့တယ်။ သူ့ကံက ဆိုးပေမဲ့ ဖိုးသက်ရှည်အဖြစ်နဲ့ ၈၉ နှစ် နေခဲ့ရပြီး ၁၉၈၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကွယ်လွန်ပါတယ်။

၁၉၇၃ ခုနှစ်က ဖရန့်အက်ပါဆန်နှင့် သူ့မြေးမကလေး

ရည်ညွှန်းကိုးကား


Zawgyi

ေရခဲေခ်ာင္းတီထြင္သူ ၁၁ ႏွစ္သား

သစ္သားတုတ္ကေလး ထိုးထားတဲ့ သစ္သီးေဖ်ာ္ရည္အရသာမ်ိဳးစုံနဲ႕ ေရခဲေခ်ာင္းေတြကို ကမာၻအရပ္ရပ္က ကေလးငယ္တိုင္း ႏွစ္သက္ၾကပါတယ္။ ယခုေခတ္မွာ ပုံစံအမ်ိဳးမ်ိဳး၊ အရသာအမ်ိဳးမ်ိဳးနဲ႕ ေပၚထြက္လာတဲ့ ေရခဲေခ်ာင္းေတြရဲ႕ မူလအစကေတာ့ Popsicle ေခၚတဲ့ ေရခဲေခ်ာင္းပါ။ ကေလးေတြ ေရခဲေခ်ာင္းႀကိဳက္တာ အံ့ဩစရာမဟုတ္ေပမယ့္ Popsicle ေရခဲေခ်ာင္းကို ဆယ့္တစ္ႏွစ္အ႐ြယ္ ကေလးငယ္တစ္ေယာက္ကပဲ အမွတ္မထင္ တီထြင္ခဲ့တဲ့ ရာဇဝင္ကေတာ့ ထူးျခားလွပါတယ္။ ေပါ့စစ္ကယ္ ေရခဲေခ်ာင္းကို ဖရန႔္ အက္ပါဆန္ (Frank Epperson) ဆိုသူက တီထြင္ခဲ့ပါတယ္။

ဖရန႔္ အက္ပါဆန္
ေပါ့စစ္ကယ္ ေရခဲေခ်ာင္းေၾကာ္ျငာ

၁၉၀၅ ခုႏွစ္ရဲ႕ ေရခဲေအာင္ေအးျမတဲ့ ေန႕တစ္ေန႕မွာ ဖရန႔္အက္ပါဆန္ ဆိုတဲ့ ကေလးငယ္ေလးဟာ ဖန္ခြက္ကေလးတစ္လုံးနဲ႕ အိမ္ျပင္ကို ထြက္လာခဲ့တယ္။ သူ႕အႀကံကေတာ့ ဖန္ခြက္ထဲမွာ ဆိုဒါမႈန႔္ကို ေရနဲ႕ေဖ်ာ္ၿပီး ေသာက္မယ္လို႔ပါ။ ဖန္ခြက္ထဲက ဆိုဒါအရည္ေတြကို တုတ္ကေလးနဲ႕ သူ ေမႊေနရင္း ႐ုတ္တရက္ အိမ္ထဲ ျပန္ဝင္သြားလိုက္တာ ေနာက္တစ္ေန႕အထိ သူ႕ေဖ်ာ္ရည္ကို သတိမရေတာ့ပါဘူး။ တုတ္ေခ်ာင္းေလးတန္းလန္းနဲ႕ ဖန္ခြက္ထဲက ဆိုဒါရည္ေတြက တစ္ညလုံးအေအးဒဏ္ေၾကာင့္ မနက္ေရာက္ေတာ့ ခဲေနၿပီ။ တုတ္ေခ်ာင္းေလးကို သူ ဆြဲထုတ္လိုက္ေတာ့ ဖန္ခြက္ပုံသြင္းထားတဲ့ ဆိုဒါေရခဲေခ်ာင္းေလး ျဖစ္ေနပါၿပီ။

ဖရန႔္အက္ပါဆန္ေလးက သူ႕သူငယ္ခ်င္းေတြကို သူ အမွတ္မထင္ ရွာေဖြေတြ႕ရွိခဲ့တဲ့ နည္းပညာနဲ႕ တုတ္ထိုးေရခဲေခ်ာင္းေလးေတြ လုပ္ၿပီး လက္ေဆာင္ေပးပါတယ္။ သူငယ္ခ်င္းေတြကလည္း သိပ္ႀကိဳက္ၾကတယ္။ ဒါေပမဲ့ သူက ေရခဲေခ်ာင္းလုပ္နည္းကို ဘယ္သူ႕ကိုမွ မေျပာခဲ့ဘူး။ ကေလးငယ္ေလးေပမဲ့ ဒီေရခဲေခ်ာင္းဟာ စီးပြားျဖစ္ ေရာင္းကုန္တစ္ခု ျဖစ္လာနိုင္တာကို သူ သေဘာေပါက္ပုံရပါတယ္။

အဲဒီအခ်ိန္ကေန ၁၈ ႏွစ္အၾကာ ၁၉၂၃ ခုႏွစ္မွာေတာ့ သူ႕အႀကံအစည္ကို အေကာင္အထည္ေဖာ္ၿပီး ေရခဲေခ်ာင္းလုပ္ငန္း ထူေထာင္နိုင္ခဲ့တယ္။ အစပိုင္းမွာ သူ႕ေရခဲေခ်ာင္းေတြကို Epsicle ice pop ဆိုတဲ့အမည္ ေပးခဲ့တာပါ။ ေနာက္ပိုင္းမွာ သူ႕ကေလးေတြ ေခၚတဲ့ Popsicle ဆိုတဲ့အမည္အတိုင္းပဲ နာမည္ေျပာင္းခဲ့တယ္။ ဒါေပမဲ့ သူ႕သားစဥ္ေျမးဆက္ေတြဟာ ကံမေကာင္းအေၾကာင္းမလွဘဲ သူ႕လုပ္ငန္းကို ဆက္ခံခြင့္ ဆုံးရႈံးခဲ့ရတယ္။ ၁၉၂၉ ခုႏွစ္ စေတာ့ေစ်းကြက္ပ်က္ခ်ိန္မွာ အထိနာခဲ့တဲ့ ဖရန႔္အက္ပါဆန္ဟာ သူ႕လုပ္ငန္းမူပိုင္ခြင့္ကို တစ္ပါးသူထံ ေရာင္းခ်လိဳက္ရတယ္။ “က်ဳပ္ မြဲသြားၿပီဗ်ာ။ ရွိတာေတြ ေရာင္းရေတာ့မွာေပါ့။ က်ဳပ္ဟာ အရင္တုန္းက ဖရန႔္အက္ပါဆန္ မဟုတ္ေတာ့ပါဘူး” လို႔ သူ ေျပာခဲ့တယ္။ သူ႕ကံက ဆိုးေပမဲ့ ဖိုးသက္ရွည္အျဖစ္နဲ႕ ၈၉ ႏွစ္ ေနခဲ့ရၿပီး ၁၉၈၃ ခုႏွစ္ ေအာက္တိုဘာ ၂၂ ရက္ေန႕မွာ ကြယ္လြန္ပါတယ္။

၁၉၇၃ ခုႏွစ္က ဖရန႔္အက္ပါဆန္ႏွင့္ သူ႕ေျမးမကေလး

ရည္ၫႊန္းကိုးကား

Leave a comment